Fair Work Commission ဟာ သြစတြေးလျနိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်ခွင် ဆက်ဆံရေး ခုံရုံးဖြစ်ပါတယ်။ အလုပ်ခွင် ပြဿနာတွေကို အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ ဖြေရှင်းဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကတော့ အလုပ်ခွင် အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ မတရားအလုပ်ဖြုတ်တာ၊ အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာအပြင် ခွဲခြားဆက်ဆံတာတွေနဲ့ အငြင်းပွားမှုတွေပဲဖြစ်ပါတယ်။
-
Fair Work Commission သည် သင့်အား မည်သို့ ကူညီပေးနိုင်သနည်း
သင် ဘယ်နေရာကဖြစ်ဖြစ်၊ ဗီဇာအဆင့်အတန်း ဘယ်လိုရှိရှိ၊ ဒါမှမဟုတ် သြစတြေးလျနိုင်ငံမှာ ဘယ်လောက်ကြာကြာ နေနေ၊ အလုပ်ခွင်မှာ လိုက်နာရမယ့် ဥပဒေတွေ သြစတြေးလျမှာ ရှိပါတယ်။
ရင်းမြစ်များ-:
သင့် ဘာသာစကားနဲ့ အကူအညီရဖို့ Translating and Interpreting Service ဖုန်း 131 450 ကို ဆက်ပါ။ အော်ပရေတာကို သင့်ဘာသာစကား အမည်ကိုပြောပြပါ၊ သင် Fair Work Commission နဲ့ စကားပြောချင်တယ်လို့ပြောပါ၊ သူတို့ကို ဖုန်းနံပါတ် 1300 799 675 ကို ပေးလိုက်ပါ။